Sunday, July 15, 2012

မုန်ညှင်းကြက်သားငါးပိကြော်


ဒီနည်းလေးကတော့ ဟင်းချက်နည်း စာအုပ်တစ်အုပ်ထဲမှာတွေ့လို့ ပြန်လည်ပြုပြင်ထားတဲ့ ဟင်းလေးပါ။  ငါးပိလေးပါထည့်ပြီးကြော်ထားတော့ အရသာလေးကလေးလေးပင်ပင်နဲ့ မုန်ညှင်းလေးနဲ့ အင်မတန်လိုက်ဖက်ပါတယ်။ မိမိနှစ်သက်ရာ အသားတစ်မျိုးကိုသုံးနိုင်ပါတယ်။

  • ငါးပိ လက်ဖက်ရည်ဇွန်းထက်ဝက်
  • ပဲငံပျာရည် အကြည့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
  • ကြက်သား(နုတ်နုတ်စဉ်း) လက်တစ်ဆုပ်စာ
  • မုန်ညှင်း ၂၀၀ ဂရမ်
  • ဆားလက်ဖက်ရည်ဇွန်းထက်ဝက်
  • ငရုပ်သီး အနီ ၂တောင့် (ပါးပါးလှီးထား)
  • ငရုပ်သီးအရောင်တင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်
  • ဆီ စားပွဲဇွန်း ၄ ဇွန်း
  • ကြက်သွန်နီ ခပ်ရွယ်ရွယ်တစ်လုံး (ပါးပါးလှီးထား)

    ကဲစကြော်ကြမယ်


  1. ပထမဆုံးဆီကို အပူပေးပြီး ကြက်သွန်နီကို တော်တော်နွမ်းသွားတဲ့အထိ ဆီသတ်ပေးပါ။ နောက်မှာ ငါးပိ၊အရောင်တင်မှုန့်ကိုထည့်ပြီး ၂ မိနစ်လောက်ဆက်ကြော်ပါ
  2. ပြီးရင် ကြက်သားကိုထည့်၊ ခရုဆီ၊ပဲငံပျာရည်၊ဆား စတာတွေကိုထည့်ပြီးကြော်ပေးပါ။
  3. နောက်ဆုံးချခါနီးမှာ ငရုပ်သီးကိုထည့်မွှေပေးပါ။ဒါဆိုရင် မုန်ညှင်းပေါ်ကိုလောင်းချဖို့ ဟင်းအဆင်သင့်ဖြစ်ပါပြီ
  4. မုန်ညှင်းကို လှီးထားပြီး ရေနွေးဆူဆူမှာ ခဏပြုပ်ပေးပါ။ ၃ မိနစ်လောက်ပေါ့။ ကျွန်မကတော့ ရေနွေးကို ပွက်ပွက်ဆူအောင် အရင်တည်ပြီး ဆီလေး ၁ စက် ၂ စက်နဲ့ ဆားလေးကို အရင်ထည့်ပါတယ်။ ပြီး မှမုန်ညှင်းထည့်ပါတယ်။ ၃မိနစ်လောက်ပြုပ်ပြီးရင် ရေအေးထဲကို ပြန်စိမ်ပေးပါ (ဒါကတော့ ခပ်စိမ်းစိမ်းလေးရအောင် လုပ်တာပါ) ပြီးမှရေစစ်ပြီး စားမယ့်ပန်းကန်ထဲကို စီထည့်ပါ။
  5. နောက်ဆုံးမှ ခုနကကြော်ထားတဲ့ အသားတွေကိုအပေါ်ကနေလောင်းချလိုက်ရင် စားဖို့အသင့်ဖြစ်ပါပြီ။

7 comments:

Alice said...

Look so good ! I'll try.Thanks for sharing,sis !

mstint said...

မချက်ဖူးသေးဘူး နည်းလေးယူသွားပြီ Evy ရေ။ အရသာရှိမဲ့ပုံလေးပဲး) ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thamee Su said...

မစားဖူးသေးဘူး အိရေ ချက်စားမယ်

ချော (အစိမ်းရောင်လင်ပြင်) said...

လှလိုက်တဲ့ ဟင်းပွဲလေး..
တကယ်စားချင်စရာလေး..

Anonymous said...

good

AsianSupper said...

This looks very delicious ... if only I could read the instructions!

ကူးကူးလှိုင် said...

ဒီဟင်းလေး ကြိုက်လိုက်တာမှ အရမ်းပဲ ဗိုက်ဆာနေတဲ့အချိန်မှ ဒီဟင်းကိုတွေ့တော့ ပိုဆာသွားတယ်...