Monday, August 16, 2010

ကြက်သားပဲငါးပိချက်/Stir Fry Chicken With Blackbean Paste


တရုပ်ဟင်းတစ်မျိုးပါ။ ချက်ရတာလည်း လွယ်ပါတယ်။ အပြောင်းအလဲလေးပေါ့။
  1. ကြက်သား ၂၅၀ ဂရမ်
  2. သကြား စားပွဲဇွန်း ၁ဇွန်း
  3. နှမ်းဆီ လက်ဘက်ရည်ဇွန်း၁ဇွန်ူ
  4. ဆားအနည်းငယ်
  5. ပဲငါးပိ စားပွဲဇွန်း ၂ဇွန်း
  6. ကော်မှုန့် လက်ဘက်ရည်ဇွန်းတ၀က်
  7. ခရုဆီ စားပွဲဇွန်း ၂ဇွန်း
  8. ကြက်သားမှုန့်စားပွဲဇွန်းတစ်ဇွန်း
  9. ကြက်သွန်နီ ၅မွှာ
  10. ငရုပ်သီး အနီ အတောင့်ကြီးတစ်တောင့် (အရောင်အတွက်)
  11. ငရုပ်သီး အနီ အတောင့်သေးတစ်တောင့်
ကြက်သားကို အတုံးသေးသေးတုံး ပြီး နံပါတ် (၂) ကနေ (၈) အထိနဲ့ ရောနယ်ပြီး နှပ်ထားလိုက်ပါ။ ကြက်သွန်ဖြူ၊ ငရုပ်သီး တွေကို blender နဲ့ကြိတ်လိုက်ပါ။ ပြီးရင် ဆီစားပွဲဇွန်း ၃ ဇွန်းလောက် နဲ့ ကြိတ်ထားတဲ့ ငရုပ်သီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ နဲနဲလေးနွမ်းလာပြီဆိုတာနဲ့ ကြက်သားကိုထည့် ပြီး ၁မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်မီးလျော့ ပြီး အရသာ အသားထဲစိမ့်ဝင်တဲ့ အထိ မီးအေးအေးနဲ့တည်ထားပေးပါ။ ၁၅ မိနစ်လောက်ပေါ့။ မီးပေါ်ကချကာနီး ငရုပ်သီး အနီအကြီး ကို ခပ်ပါးပါးလေးလှီးပြီးထည့်ပြီး သမအောင်မွှေပေးပါ။ စားရန်အသင့်ဖြစ်ပါပြီ။

1 comment:

Anonymous said...

ပဲငပိကြိုက်တယ် :)

စူးနွယ်လေး